Saturday 21 September 2013

Myanmar Blogger Templates



ဒီ Template လေးကို ကျွန်တော် မနေ့ညကနေ ခုအချိန်ထိ ပြင်နေတုန်းပါ။ ကျွန်တော် လုပ်ခဲ့တဲ့ Template တွေထဲမှာ

အကောင်းဆုံးလို့တောင် ပြောလို့ ရပါတယ်။ Blogger က ရိုးရိုး Template တစ်ခုကိုပဲ ပြန်ပြင်ထားတာပါ။ အရင်ပုံစံနဲ့

တစ်ခြားစီ ဖြစ်သွားပါပြီ။ နိုင်ငံခြား ဝဘ်ဆိုဒ်တွေမှာ တင်ထားတဲ့ Template တွေထက် မသာရင်တောင် မညံ့ပါဘူး :D

ကျွန်တော်တို့ မြန်မာ Bloggger တွေ မြန်မာတွေ ဖန်တီးထားတဲ့ Template တွေ သုံးနိုင်ဖို့ကို ကြိုးစားနေပါတယ်...။

Template ဒီဇိုင်းတွေ ဖန်တီးချင်တဲ့ သူငယ်ချင်းတွေအနေနဲ့လည်း ဝါသနာပါရင် လုပ်နည်းတွေ ပြောပြပေးဖို့ ရှိပါတယ်။

ဒီ Template ကိုလည်း အားလုံး အချောသတ်ပြင်ပြီးရင် သုံးချင်တဲ့လူတွေအတွက် တင်ပေးမှာပါ။ မကြာမီလာမည် မျှော်..

ရိုးရိုးလေးနဲ့ လှတဲ့ White Honest Template




ဒီ Template လေးကိုတော့ အဖြူရောင် ရိုးရိုးလေးနဲ့ပဲ လုပ်ထားတာပါ။ ကဗျာ ၊ ဝတ္ထု ၊ နည်းပညာ စတဲ့ ပို့စ်လေးတွေ

တင်ဖို့ အတွက် ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆိုဒ်ဒီဇိုင်းကတော့ ရိုးရိုး ရှင်းရှင်းလေးနဲ့ သေသပ်အောင်

သေချာလေး လုပ်ထားတာပါ။ CSS Menu လေးရော ထည့်ပေးလိုက်ပါတယ်နော်။ နမူနာ ကြည့်ချင်ရင် ဒီနေရာမှာပါ။

Download: White Honest Template

မှတ်ချက်။ ဒီ Template လေးကို ပြန်ရှယ်မယ်ဆိုရင် ကျွန်တော် Thurainlin ဖန်တီးထားတယ်ဆိုတာကို ထည့်ရေးပေးပါ။

Flash Song ဝါသနာရှင်များအတွက် Blogger Template



ဒီ Template လေးကို  Flash Song တွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးတော့ လုပ်ထားတာပါ။

Flash Song တွေ တင်ဖို့ Table Code ဒီဇိုင်းလေး ၂ ခုကို ရော တစ်ခါတည်း လုပ်ပေးထားပါတယ်။ ဆိုဒ် ဒီဇိုင်းလေးကို

အားလုံးပဲ ကြိုက်ကြမယ်လို့ ထင်ပါတယ်ဗျာ။ အကောင်းဆုံးတော့ ကြိုးစားပြီး လုပ်ထားတာပါပဲ။  နမူနာကြည့်ချင်ရင်

ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ကြိုက်တယ်ဆိုရင်တော့ အောက်မှာ Template ကို ဒေါင်းယူနိုင်ပါတယ်။

Download: The Best Template For Flash Song Creators